Sunday, December 7, 2008

လမ်းဆုံများ

အမုန်းစာရင်း ... တစ်လောကလုံးပဲလားမသိပါဘူး .. ကိုယ်အဆင်မပြေနေတဲ့အချိန်ဆိုရင် အကုန်မုန်းတယ် .. ပူနေတဲ့နေကိုလည်း မုန်းတယ် .. ကားတွေကျပ်တာကိုလည်း မုန်းတယ် .. ရယ်နေတဲ့ ကောင်လေးကောင်မလေးတွေကို မုန်းတယ် .. စောင့်နေရတာကို မုန်းတယ် .. လက်ချင်းတွဲသွားတဲ့အတွဲတွေကို မုန်းတယ် .. ရှင်းရှင်းပြောရရင် ပျော်နေတဲ့လူတွေကိုမုန်းတယ် .. (ကိုယ်မပျော်နေတဲ့အချိန်ဆိုပြောပါတယ်)

ချစ်တဲ့လူတွေ .. ကိုယ့်နားပတ်ဝန်းကျင်က ထဲထဲဝင်ဝင်ပတ်သက်တဲ့လူတွေကို ချစ်တယ် .. ကိုယ့်ကိုနားလည်ပေးနိုင်တဲ့လူတွေကို ချစ်တယ် .. စိတ်ညစ်ရင် အားပေးတဲ့လူတွေ .. ဒေါသထွက်နေရင် အတူတူပေါက်ကွဲပေးတဲ့သူတွေ .. စိတ်ဓါတ်ကျရင် မြှင့်တင်ပေးနေကျသူငယ်ချင်းတစ်ယောက် ..နောက်ထပ်သူငယ်ချင်းတွေ .. အပြင်သူငယ်ချင်း အွန်လိုင်းသူငယ်ချင်းနဲ့ .. အပြင်အစ်ကိုအစ်မ အွန်လိုင်းအစ်ကိုအစ်မတွေ .. အားလုံးကိုချစ်ပါတယ် .. (အားလုံးကိုချစ်ပါတယ်လို့ပြောနေရင် စိတ်ကြည်လင်လို့ပဲလို့သာ သတ်မှတ်ပါ)

သူများအတွက်တွေးတတ်တာ .. သူငယ်ချင်းတွေချစ်ကြတာ အဲဒါကြောင့်လေ .. အတူတူတွဲနေတဲ့သူငယ်ချင်းတွေက သူတို့ကိစ္စဘာမဆိုပြောပြပြီး တိုင်ပင်လေ့ရှိတာ ကျွန်မတစ်ယောက်တည်းရှိတယ် .. အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့ကွာ .. ရှိသလောက်ဦးနှောက်ကို ဖြစ်ညှစ်ထုတ်ပြီး သူတို့ကိုအကြံပေးလေ့ရှိတယ် ..

ကိုယ့်အတွက်ကိုယ်သိတတ်တာ ..သူငယ်ချင်းတိုင်းက ပြောပြတော့ သူတို့ရဲ့ကိစ္စအ၀၀ကိုသိတာလည်း ကျွန်မတစ်ယောက်တည်းပေါ့ .. ဒါ့ကြောင့် သိထားသမျှကိစ္စတွေကိုလည်း ပြန်လှန်အသုံးချတယ်လေ .. ကိုယ့်အကျိုးအတွက်ပေါ့ .. သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့ဆောင်ပုဒ်ကို လက်တွေ့အသုံးချတာလေ ..

ဒါက အထင်ရှားဆုံးလမ်းဆုံတွေပေါ့ ..

4 comments:

NangNyi said...

နားလည်သလိုလို မလည်သလိုလိုပဲ .. နာကတော့ လမ်းဆုံဆိုတဲ့ ၀ိသေသကို အရက်ဆိုင်နဲ့ပဲတွဲမြင်မိတယ်ကွယ်.. မခက်လား

Andy said...

အာ လမ်းဆုံနဲ့ အရက်ဆိုင်နဲ့ ဘာဆိုင်လို့တုန်း နန့်ညီရဲ့...

ဗီလိန် said...

အတွဲတွေကို မုန်းတယ်ဆိုတော့ ကား............??????? စဉ်းစားစရာပဲ။ :-?

ဖိုးဂျယ် said...

အညီတော့ အကြည့်လိုက်ရင်
အရက်ပဲ စိတ် အရောက်နေတယ်။