Friday, May 29, 2009

ပန်းတွေပွင့်နေတာ တွေ့လိမ့်မယ်

သိမ်းပြီးသားဇာတ်ကို ပြန်ကဖို့ဆိုရင်
ကန့်လန့်ကာကို ဖွင့်ရမှာပေါ့
တွေးနေတာပဲကောင်းမယ် .....။

စွန့်လွှတ်ပြီးသားမို့ မေ့ပြီး
မျက်စိမှိတ် အိပ်လိုက်လေ .....။

လမ်းဟောင်းလေးက
မျှော်လင့်ချက်တွေနဲ့ ငါ့ကိုငေးကြည့်လို့
သစ္စာ လိမ်ညာခြင်း
အချစ်
မုန်းစမ်း .....။

နေမယ် လေလွင့်ခြင်းနဲ့
ငါတစ်ယောက်တည်း .....။

ဟိုးမှာ
ပန်းတွေပွင့်နေတာကို တွေ့လား
ပြတင်းပေါက်ကိုဖွင့်
ကန့်လန့်ကာကို ဘယ်တော့မှမဖွင့်နဲ့ .....။

(အရူးတစ်ယောက်အတွက် ရည်ရွယ်ပြီးရေးပါသည်)

Wednesday, May 27, 2009

Harder Than You Know

သီချင်းတစ်ပုဒ်အကြောင်းကို တော်တော်တွေးနေမိပြန်ပြီ .. အင်္ဂလိပ်သီချင်းတစ်ပုဒ်ပါ .. ဆိုတဲ့အဖွဲ့နာမည်က "Escape The Fate" တဲ့ .. "This War is Ours" album ထဲက "Harder Than You Know" အမည်ရှိ သီချင်းတစ်ပုဒ်ဖြစ်ပါတယ် .. သီချင်းပုံစံက Post Hardcore ဆိုလားပဲ .. ဒီအဖွဲ့ကို သိတာသိပ်မကြာသေးပါဘူး .. သူငယ်ချင်းတစ်ယောက်က ပို့ပေးလို့နားထောင်ကြည့်လိုက်တာ .. သီချင်းအသစ်တွေနားထောင်ချင်နေတဲ့အချိန်နဲ့ကွက်တိဆိုတော့ .. သူငယ်ချင်းပို့ပေးတဲ့ သီချင်းငါးပုဒ်ထဲမှာ Escape The Fate ရဲ့သီချင်းက သုံးပုဒ်ပါတယ် .. နောက်နှစ်ပုဒ်က “Something” နဲ့ “You are so beautiful” တဲ့ .. အဲ့သုံးပုဒ်ထဲကမှ Harder Than You Know ကိုကြိုက်သွားမိတယ် ..

သီချင်းရဲ့အနှစ်ချုပ်က ဘာလဲဆိုတော့ “Not loving you is harder then you know” တဲ့ .. လက်လွှတ်ဖို့ကလည်းခက် ချစ်သူကလည်းမချစ်တော့တဲ့အချိန်ပေါ့နော် .. တခါတလေကျတော့လည်း အဲ့အဖြစ်မျိုးကတော်တော်ဆိုးတာပဲ .. ဆက်ချစ်ရမလိုလို မချစ်ရဘူးလိုလို .. စိတ်ပဲနာရတော့မလိုလို .. “ဘာဂလိုတိုတို” အခြေအနေတွေ .. စာသားလေးတွေဖတ်ကြည့်သွားဦးနော် ..

You said this could only get better. There's no rush 'cause we have each other.
You said this would last forever, But now i doubt if i was your only lover.

Are we just lost in time?
I wonder if your love's the same, 'Cause i'm not over you

Baby, don't talk to me. I'm trying to let go
Not loving you is harder then you know.
'Cause girl your driving me so crazy

How can i miss you if you never would stay? If you need time i guess I'll go away.
Inside me now there's only heartache and pain! So where's the fire? You've begun the rain.

And if you don't want me then i guess i'll have to go!
Not loving you is harder then you know.

So I'll make the call, and I'll leave you today. I'm gona miss you 'cause i love you baby
Yeah, I'll make the call, I'm leaving today
Leaving always drives me crazy!
Leaving always drives me crazy!

Baby, don't talk to me. I'm trying to let go.
Not loving you is harder, then you know,
girl your driving me so crazy.


သီချင်းအစမှာ စထားတဲ့ဂစ်တာသံလေးကလည်း သီချင်းကိုစတင်ခံစားဖို့အကောင်းဆုံး .. ပြီးတော့ ဆိုတဲ့လူရဲ့အသံမျိုးကို သိပ်ကြိုက် .. ဒုတိယအပိုဒ်အစက အော်လိုက်တဲ့အသံကလည်း တစ်မျိုးလေးပဲ .. ကြုံရင်နားထောင်ကြည့်ကြပါ .. သိပ်သိလွန်းလို့ဆရာကြီးလုပ်တာမဟုတ်ရပါ .. ကိုယ်ကြိုက်လို့ ကြိုက်တဲ့အကြောင်းလေးပြောပြရုံပါ .. ဟိ .. အိဖူးက ပို့စ်တစ်ပုဒ်တက်လာဖို့ တော်တော်ကြာတယ် .. တင်လိုက်တုန်း ဖတ်ထားကြနော် XD ..
(ပို့ပေးတဲ့သူငယ်ချင်းကိုလည်း သိပ်ကြိုက်ကြောင်းပြောရဦးမယ် ရှဲ့ရှဲ့ပေါ့လေ)