Friday, May 29, 2009

ပန်းတွေပွင့်နေတာ တွေ့လိမ့်မယ်

သိမ်းပြီးသားဇာတ်ကို ပြန်ကဖို့ဆိုရင်
ကန့်လန့်ကာကို ဖွင့်ရမှာပေါ့
တွေးနေတာပဲကောင်းမယ် .....။

စွန့်လွှတ်ပြီးသားမို့ မေ့ပြီး
မျက်စိမှိတ် အိပ်လိုက်လေ .....။

လမ်းဟောင်းလေးက
မျှော်လင့်ချက်တွေနဲ့ ငါ့ကိုငေးကြည့်လို့
သစ္စာ လိမ်ညာခြင်း
အချစ်
မုန်းစမ်း .....။

နေမယ် လေလွင့်ခြင်းနဲ့
ငါတစ်ယောက်တည်း .....။

ဟိုးမှာ
ပန်းတွေပွင့်နေတာကို တွေ့လား
ပြတင်းပေါက်ကိုဖွင့်
ကန့်လန့်ကာကို ဘယ်တော့မှမဖွင့်နဲ့ .....။

(အရူးတစ်ယောက်အတွက် ရည်ရွယ်ပြီးရေးပါသည်)

4 comments:

NangNyi said...

ဟေး ငါပထမဆုံး လာဖတ် လာမန့်တယ်ဟေ့

Anonymous said...

ငါကတော့ ဒုတိယပေါ့ဟာ အပေါ်ကငပေါက လုတော့အဲ့လိုပေါ့

လှတယ်

လင်းဦး(စိတ်ပညာ) said...

ကဗျာ လာဖတ်၏... ကလကာအဖွင့် ဘာတွေဖြစ်........

Andy said...

တတိယကွ တတိယ
ဒါနဲ့ဘယ်ကအရူးလဲဟင်