Sunday, December 7, 2008

သံတန်းနှင့်မိတ်ဆက်ခြင်း

သောကြာနေ့က အိဖူးရေသွားကူးတယ် .. အဲဒိနေ့က ကန်မှာ လူတွေအများကြီးပဲ .. လူများတာနဲ့ရေကူးတာဘာဆိုင်လဲဆိုတော့ .. အဟင်းဟင်း .. ဇာတ်လမ်းက ဒီလိုလေ ..

လူများတော့ ကူးရတာ ဟိုရှောင်ဒီရှောင်တွေရှိလာရော .. အဲဒါနဲ့ အစကတော့ ကူးနေတာအကောင်းပါပဲ .. အဲဒိတစ်ခါကျတော့ ရေကန်ဘောင်ကနေ ကန်ပြီးထွက်လိုက်ကတည်းက အိဖူးကူးမဲ့လမ်းကြောင်းမှာ ကောင်မလေးတစ်ယောက်ကိုတော့ တွေ့မိသား .. ကိုယ်ဖော့ကျင်နေတာလား ဘာလားမသိပါဘူး .. ယက်ကန်ယက်ကန်နဲ့ .. နောက်အသက်ရှုဖို့ ခေါင်းမော့လိုက်တော့ မရှိတော့ဘူး .. အဲဒါနဲ့ အော်မရှိတော့ဘူးပေါ့ ..
လမ်းရှင်းသွားပြီပေါ့လို့တောင် တွေးမိသေး ..

နောက်မှ သူ့ကိုပထမတွေ့တဲ့နေရာနားမှာ အသက်ရှုဖို့ ခေါင်းထပ်မော့လိုက်တော့ အဲဒိကောင်မလေးကို ဘွားခနဲပြန်တွေ့တယ် ..(လက်စသတ်တော့ ဒင်းက ကိုယ်ဖော့ကျင့်ရင်း အိဖူးကြည့်လိုက်တဲ့အချိန်တုန်းက မြုပ်သွားတာကိုး) အဲဒါနဲ့ လန့်ပြီး သူ့ကိုကွေ့ရှောင်လိုက်တာ ဒေါ်ရွှေဖူးတို့ ရေကန်ဘောင်က လက်ကိုင်သံတန်းနဲ့ဆောင့်ပါလေရော ..

ရေထဲမှာမို့လို့ပဲ မျက်ရည်တွေဘာတွေဝဲသွားတာ .. အရင်ကဆို ရေကူးရင် ကိုယ့်ဟာကိုယ်ကန်ဘောင်နားရောက်ခါနီးရင် ရပ်လိုက်ရောလေ .. ပက်လက်ကူးကူး မှောက်ရက်ကူးကူး ခေါင်းလည်း မဆောင့်ဘူး .. နှာခေါင်းလည်းလည်းမဆောင့်ဘူးပေါ့ .. အခုတော့ ကိုယ်ဖော့အကျင့်ကောင်းတဲ့ ကောင်မစုတ်လေးလုပ်တာ နှာခေါင်းရိုးကဖုသွားတာပေါ့ .. အတူတူကူးတဲ့ အစ်မတစ်ဝမ်းကွဲမြတ်နိုးကို ပြောပြပြီး ရီနေပေမဲ့ တော်တော်နာနေတာ .. ဆက်ကူးတာ ခေါင်းတွေမူးနေလို့ .. အစောကြီးတက်လာရတယ် .. ဆောင့်တဲ့နေရာကလည်း နေရာကောင်းလေ .. မျက်လုံးနှစ်လုံးကြားက နှာခေါင်းနေရာမှာ ..

ညကျတော့ ခေါင်းမူးလို့ အစောကြီးအိပ်တာတောင် နောက်နေ့ကျတော့ ဆေးခန်းသွားပြရတယ် .. ဆေးခန်းက ဆရာဝန်က ရီတယ် .. ဖြစ်မှဖြစ်ရလေတဲ့ .. (မုန်းစရာကြီး ..) ဒါတောင် ဆေးခန်းသွားပြတဲ့နေ့က ခေါင်းမူးမူးကြီးနဲ့ပဲ တစ်ယောက်တည်းဖိနပ်သွားဝယ်လိုက်သေးတယ် .. နောက်မှသွားရင်မရှိတော့မှာစိုးလို့လေ ..မေမေက ဒါကျတော့သွားနိုင်တယ်နော်တဲ့ .. (ပြောတော့လည်းခံပေါ့)

နောက်တစ်ခါများ ရေကူးလို့လူများရင် သူများတွေကူးသလို အလျားလိုက်တွေ အနံလိုက်တွေမကူးတော့ပါဘူး .. ကန်ကို ကန့်လန့်ဖြတ်ပြီးပဲကူးတော့မယ် .. ဒါတောင် အခန့်မသင့်ရင် ကန်လယ်မှာ လူချင်းချိတ်နေမှာထင်တယ် .. ဆိုးပါနော် ..

5 comments:

NangNyi said...

ဆေးခန်းက ဆရာမတင် မဟုတ်ဘူး ငါလည်းရယ်မယ်ကွ.. ဟဲဟဲ ဟိ

:P said...

အဆိုတော်တွေ၊ မင်းသားတွေကိုမိတ်မဆက်ပဲ..
သံတန်းကို သွားမိတ်ဆက်တာကိုးးးး

ဖိုးဂျယ် said...

မိတ်ဆက်စရာဒီလောက်ရှားလားဗျာ။
ဒီမှာ ခပ်ချောချောကောင်လေးတွေ ရှိနေတာ။

ဗီလိန် said...

ညီကတော့လုပ်ပြီ။ အားပေးမယ်ရှိဘူး။ ဟိုမှာ နာနေပါတယ်ဆိုမှ။ အုံဖွ။ ဟိဟိ

sait phay yar said...

ဗီးရေ.. အသာအုံဖွလုပ်ဟ.. တံတွေးစင်တယ်
ဟီဟီ
စတာနော်ညလေး
အရိုးကြိုးမသွားတာကံကောင်း