Tuesday, December 16, 2008

အတွေးမတူသူ စကားပြောလို့မကောင်းသူ အလှမ်းဝေးသူ မချစ်ခင်သူ နားမလည်သူ

ကျွန်မကပဲ တစ်ဖက်သတ်ချစ်ခင်မိနေသည်လားမသိ .. သူငယ်ချင်းတစ်ယောက်က စကားကိုပြောချင်သလို မပြောချင်သလိုလုပ်နေသောအခါ အလွန်စိတ်ရှုပ်ရပါသည် .. ကျွန်မက သူ့ကိုယုံကြည်ထားသည်များ တစ်ခဏအတွင်းပျောက်ဆုံးသွားသည် .. လူတွေကို ယုံလို့မရနိုင်တော့ဘူးလား .. ကျွန်မကပဲ ကံဆိုးလို့လား .. ဘာတွေဖြစ်နေမှန်းမသိပါ ..

သူငယ်ချင်းမိတ်ဆွေဆိုတာ ဘာကိုခေါ်တာလဲ .. ကျွန်မအတွက်တော့ အတွေးမတူသူ .. စကားပြောလို့မကောင်းသူ ..အလှမ်းဝေးသူ .. ကျွန်မကိုမချစ်ခင်သူ .. ချစ်ခင်သော်လည်း နားမလည်သူများသာဖြစ်ပါသည် .. ထို့အတွက် ကျွန်မတွင် သူငယ်ချင်းမရှိပါ .. သူငယ်ချင်းဟုထင်မှတ်ထားသူများသူကလည်း တကယ်တမ်းတော့ မဟုတ်ခဲ့ပါ .. အတွေးအခေါ်တူကာ တွေးသမျှကို ပြောလို့ရမည့် ကျွန်မအနားတွင် စိတ်ဓါတ်ကျနေချိန်တွင် နားလည်အားပေးပြီး ကျွန်မကိုလည်း ချစ်ခင်မည့်သူတစ်ယောက်လိုအပ်ပါသည် ..

သူများကို နားလည်ပေးလွန်းသောကြောင့် ကျွန်မကိုနားမလည်ကြတော့တာများလား .. အဲလိုဆိုရင်တော့ သူတို့ကိုနားမလည်ပေးချင်တော့ပါ .. ကျွန်မစိတ်ချမ်းသာဖို့ဆိုရင်တော့ ဘာမဆိုလုပ်ပါမည် .. ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ချင်ပါ ..

ကျွန်မသည် ထိုသူငယ်ချင်းနှင့် အလွန်ရင်းနှီးခဲ့ကြသည်(ဟုထင်ပါသည်) .. သူ၏ နှုတ်ဆိတ်မှုသည် ကျွန်မကို အသက်မရှုနိုင်အောင် စိတ်ကိုလေးပင်စေသည် .. ကျွန်မသူ့ကို ဘာတွေဒုက္ခပေးမိလဲ .. ကျွန်မသူ့ကို ဘာတွေပြောမိလဲ .. ကိုယ်တိုင်လည်း မမှတ်မိပါ ..
သူကျွန်မကို မလိုအပ်လောက်ဘူးဟု ကျွန်မသိရချိန်သည် ကျွန်မတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နှင့် ရယ်စရာတွေပြောကာ သူကကျွန်မကို သီချင်းများဆိုပြနေချိန်လည်းဖြစ်ပါသည် ..

ရုတ်တရက်ပြောင်းလဲသွားသောအခြေအနေသည် တစ်ယောက်ယောက်အမှားလား သူကျွန်မကိုတကယ်မလိုအပ်သောကြောင့်လား .. မသိပါ .. သိလည်းမသိချင်ပါ .. ကျွန်မမှားယွင်းသွားတာဆိုလျှင် ကျွန်မခံနိုင်သေးသည် .. သူမလိုအပ်လို့ပါဆိုလျှင်တော့ ကျွန်မ ခံနိုင်မည်မဟုတ်ပါ .. ထိုသို့ဖြစ်သွားသည့် အချိန်မှစကာ အဲဒိအကြောင်းပဲတွေးနေမိသည် ..

အခိုက်အတန့်အားဖြင့်တော့ သူ့ကိုမုန်းမိပါသည် ..

2 comments:

အနော် said...

မအိဖူးရေ
ကျမမှာလဲ ညီအမအရင်းလို အင်မတန် ချစ်ရတဲ့ ရင်ထဲက ခံစားချက်တွေမှန်သမျှကို ဖုံးထားတာမရှိဘဲ ဖွင့်ပြောနေကျ သူငယ်ချင်းမကလေးက ရုတ်တရက် ကျမကို စိမ်းကားသွားပီး မခေါ်နိုင် မပြောနိုင် ဖြစ်သွားမှုအပေါ် နားမလည်နိုင်လွန်းလို့ မျက်ရည်တောင် ကျခဲ့မိပါတယ် အမရေ. အမပြောသလို သူများကို နားလည်ပေးနိုင်ရလွန်းလို့ ကို့ကို နားလည်မှု လွဲသွားတာလား မသိပါဘူး အမရယ်. အခု အမ ခံစားရတာကိုလဲ ကိုယ်တွေ့ကြုံဖူးလို့ တကယ့်ကို ကိုယ်ချင်းစာမိပါတယ် သူတို့ရဲ့ကိစ္စမှန်သမျှကို လာတိုင်ပင်ကြပေမဲ့ တခါမှ နင် အဆင်ပြေရဲ့လားလို့တောင် မေးမသွားကြတဲ့ သူငယ်ချင်းတွေကို စိတ်မနာနိုင်ပါဘူး. ကိုကသာ သူတို့ကို ကို့ရဲ့ ဥာဏ်စွမ်းရှိသရွေ့ ဖျောင်းဖျ အားပေးလိုက်ရတာ ဒါဟာ သူငယ်ချင်းဆိုတဲ့ အဓိပ္ပာယ်လားလို့တောင် ထင်မိပါရဲ့ အမရယ်

NangNyi said...

ငါတော့ လိုက်မမီတော့ဘူး.. ပိန်းတယ်ပဲပြောပြော..