Saturday, April 17, 2010

ကျွန်မနဲ့တောင်ကြီးနှစ်သစ်

အတက်နေ့တုန်းက သိပ်မကဲလိုက်ပါဘူး.. ညနေပိုင်းရှိုးပွဲသွားလိုက်သေးတယ်.. လေးဖြူကြီးပဲ မှီတယ်လေ.. စိတ်ထဲမှာလည်း ထိုင်းထိုင်းမှိုင်းမှိုင်းကြီး.. ညနေကျတော့ မိုးရွာတယ်.. စိမ့်ပြီးတော့ကို အေးနေရောပဲ.... နေလို့ကောင်းလိုက်တာ.. ရှိုးပွဲမသွားဖြစ်တော့ဘူးဆိုပြီး ရောက်သွားသေးတယ်.. ပျင်းစရာကြီးပါ.. တောင်ကြီး စတိတ်ရှိုးက ကဲလို့မကောင်းသလိုပဲ.. စိတ်မပါတော့တာနဲ့ မယ်ညီရယ် အိဖူးရယ် ချစ်ဘော်ဒါ ငမိန်းရယ်.. အောက်ပန်းခြံမှာ သွားထိုင်နေကြတယ်.. အဲ သွားအိပ်နေတယ်ပြောရင် ပိုကောင်းမယ်ထင်တယ်.. အိဖူးက အိပ်နေတာကိုး...

နှစ်ဆန်းတစ်ရက်နေ့လေးပေါ့ကွယ်.. မနက်နိုးတော့ အိမ်ကလူကြီးတွေ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းတက်ဖြစ် တယ်.. သွားကြတဲ့လူတွေမှ အများကြီးပါပဲ.. အတက်နေ့တုန်းက ဆိုင်ကယ်တ၀ီးဝီးနဲ့ လျှောက်လည်နေကြတဲ့ ကောင်လေးကောင်မလေးတွေကိုလည်း သူသူကိုယ်ကိုယ် ဘုန်းကြီးကျောင်းလမ်းတလျှောက်မှာ တွေ့ရတယ်.. အိဖူးတို့က မြစိမ်းတောင်က ဘုန်းကြီးကျောင်းနဲ့ ဥာဏ်တောကျာင်းကိုတက်ဖြစ်တယ်.. ရွှေဘုန်းပွင့်ကို ဆက်သွား တာ မရတော့လို့.. တောင်တက်လမ်းဖြစ်နေတော့ လမ်းတွေတအားပိတ်နေတယ်ရော..

ပြီးတော့ စူဋ္ဌာမုနိဘုရားကိုရောက်သွားသေးတယ်.. ရောက်ဖူးပြီးသားဖြစ်ပေမယ့် ဓါတ်ပုံကတော့ မရိုက်ပဲ မနေနိုင်ဘူး.. အဟဲ.. အိမ်က ကလေးလေးနဲ့ရိုက်ထားတဲ့ပုံလေးကို တော်တော်ကြိုက်နေတယ်.. ကလေးလေး နာမည်က အိုင်အုတဲ့..

အဲ့ကောင်လေးက ဓါတ်ပုံရိုက်မယ်ဆိုရင် တအားစတိုင်ထုတ်တတ်တာ.. အိမ်က ကလေးတွေအားလုံး ချစ်စရာတွေပဲ.. အားကျလိုက်တာ သိလား..

ပျော်အောင်တော့ နေနေပါတယ်.. တောင်ကြီးကိုချစ်လို့ တောင်ကြီးကနေ ဒဏ်ရာတွေမသယ်သွားချင်ဘူး.. အဲဒါ တကယ်ပါ.. ပျော်မှဖြစ်မယ်.... စိတ်ညစ်စရာတွေ တောင်ပေါ်မှာပဲထားခဲ့မှ ဖြစ်လိမ့်မယ်နော်.. တိုက်ခတ်နေတဲ့ လေထဲမှာပဲ လွှင့်ထုတ်လိုက်ပါတော့မယ်.........။


5 comments:

ဂျေဂျူဝိုင် said...

ဒီနှစ် တောင်ကြီးသင်္ကြန် စည်လားဗျို့

မဏ္ဍပ်တွေက 212 ဘက်မှာပဲ ထိုးတာလား။

littlebrook said...

တောင်ပေါ်မှာသာ ထားခဲ့ အားလုံးကို

hololodilolo said...

နှစ်ယောက်လုံး ဘာတွေ ညစ်နေကြမှန်းတော့ မသိ..
ဘာဖြစ်ဖြစ်ဟာ.. အကုန်သာ ထားခဲ့..

ရေနွေးကြမ်း said...

တောင်ကြီးက ဟာတွေ တောင်ကြီးမှာပဲထားခဲ့လေ..။ဘယ်ယူသွားလို့ဖြစ်မလဲ..

Anonymous said...

1xbet korean | legalbet.co.kr
1xbet korean | legalbet.co.kr. is deccasino licensed 1xbet korean and regulated in the Republic of Korea. All betting markets are regulated หาเงินออนไลน์ in accordance with the laws of