Sunday, April 11, 2010

Baby Dog

ဒီနေ့ကျွန်မတို့တောင်ကြီးတက်မယ့်နေ့... မပျော်ပါဘူး.. ဘာလို့လည်းဆိုတော့ ကျွန်မတို့ခွေးလေးတွေ သူများကို ပေးလိုက်ရတယ်.... သေသေချာချာ ကောင်းကောင်းမွန်မွန် မွေးမည့်လူတွေကို ပေးလိုက်ရတာပေမယ့် လည်း စိတ်ထဲမှာတော့ “ငါ့သားလေး”ရယ်လို့တွေးမိပြီး မျက်ရည်ကျရတယ်.... ကျွန်မတို့အိမ်အပြောင်းအရွှေ့ ကိစ္စတွေကြောင့်သာ ပေးလိုက်ရတာ.. မဟုတ်ရင် ပေးဖြစ်မှာမဟုတ်ဘူး.. ငါးကောင်လုံးကို သူတို့အဖေအမေနဲ့ တူတူပဲ နေစေချင်တာ....

စက္ကူကတ်ပုံးလေးထဲကို ထည့်လိုက်ရင်း “တာ့တာနော်.. ကောင်းကောင်းနေ”လို့ နှုတ်ဆက်လိုက်ရင်းကနေ လာကြည့်နေတဲ့ မျက်လုံးတောက်တောက်ကလေးတွေ.. တဆက်တည်း ခုန်ပေါက်ဆော့နေတဲ့ပုံလေးတွေ.. နောက်ထပ်ခဏခဏမတွေ့ရတော့ဘူး... အခုကိုပဲ ချက်ချင်းလွမ်းနေပါပြီ......

4 comments:

littlebrook said...

း) ၀ဋ်လည်တတ်တယ်တဲ့
ယုံလည်းယုံတတ် ပြီးရင်ယုံရက်နဲ့မှားတတ်ကြတာက
ဗမာလူမျိုး ...
သံယောဇဉ်က မှားအောင်တွန်းတာကိုး

ဂျေဂျူဝိုင် said...

အလုိဗ်ာ။

ဟန်ကြည် said...

ခွေးချစ်သူခြင်းမို့ ကိုယ်ချင်းစာပါတယ်။ သံယောဇဉ်ဆိုတာကလည်း အခက်သားပါ...

exiter said...

Era Gos လေးကတော့ တော်တော်ကစားတယ် ။ ဆော့လည်းဆော့ ကြွေးသမျှလည်းအကုန်စားသဗျာ ... :) နောက်ကြုံမှ Era Gos ရဲ့ပုံလေးတွေ ဘလော့မှတင်ထားပေးမယ် ... :)