Friday, April 2, 2010

ယုံပါ

သီချင်းလေးတစ်ပုဒ်အကြောင်းကို ရေးပြမယ်.. ကိုအောင်ရဲ့ “ယုံပါ” ဆိုတဲ့သီချင်းလေးပါ.. ကိုအောင့်ကို သိတဲ့လူတွေ သိကြမယ်ထင်တယ်.. လမ်းဆုံအခွေထဲက ဟန်ထွန်းဆိုထားတဲ့ “အရင်ကဇာတ်လမ်း” ကိုဖန်တီးပေးသူဆိုရင် သိမှာပေါ့နော်.. နောက်ထပ် “ကြယ်တွေစုံတဲ့ည” “အလင်းဆိုင်ရဲ့သီချင်း” တို့တွေဆိုလည်း ကိုအောင့်သီချင်းတွေပါပဲ.. တကယ်တော့ ကိုအောင်က သီချင်းရေးသူတင်မဟုတ်ပါဘူး.. ဆိုလည်းဆိုတယ်.. အသံမှန်မှန် လေးလေးနဲ့ ထူးခြားမှုမရှိသလိုထင်ရတဲ့ ကိုအောင့်အသံကိုတော့ ကျွန်မအရမ်းကြိုက်တာပဲ.. ကိုအောင့်သီချင်းတွေကို စနားထောင်ဖူးတာ သိပ်မကြာသေးဘူး.. ကျွန်မအသက် ဆယ့်ခြောက်နှစ်လောက်က စနားထောင်ဖူးတာပဲ.. ဘာအခွေလည်းတော့ မသိဘူး.. ကိုအောင့်သီချင်း တွေချည်းပဲ.. စီဒီပေါ်မှာရေးထားတော့ “ကိုအောင်” တဲ့.. ဒါပဲပါတယ်.. အဲတော့အလွယ်မှတ်ထားလိုက်တယ်.. “ကိုအောင့်အခွေ”ရယ်လို့ပေါ့.. တင်ဇာမော်နဲ့ တွဲဆိုထားတဲ့သီချင်းလည်း ကြိုက်တာပဲ.. “အလင်းဆိုင်ရဲ့သီချင်း” လည်းပါတယ်.. အဲဒိသီချင်းကိုတော့ ထူးအိမ်သင်ဆိုတာကို ပိုကြိုက်တယ်..

ကိုအောင်က အရင် အယ်နောင်း၊ အောင်ဘုနဲ့တူတူ “မှန်အိမ်လေး” ဆိုတဲ့စီးရီးတစ်ခွေထွက်ခဲ့ဘူးတယ်.. သိပ်တော့မပေါက်ခဲ့ဘူး (ထင်တာပဲ).. ဒါပေမယ့် အဲဒိထဲကသီချင်းတွေက တကယ်ကိုကောင်းပါတယ်.. အခုရေးမယ့် “ယုံပါ” က မှန်အိမ်လေးအခွေထဲက သီချင်းလေးပါ..

သီချင်းစာသားလေးတွေကတော့ ဒီလို....

လာသွားကြစို့ ချစ်သူရေ ခရီးကို အတူမင်းနဲ့ ဘဝကိုလက်တွဲလို့ ဖန်ဆင်းလိုက်ချင်တယ်
အလှဆုံးပြုံးလိုက် ချစ်သူရေ အဝေးမှာ ကိုယ်နဲ့မင်းရဲ့အတိတ်ကို မေ့ထားလို့ အနာဂတ်သစ်ဆီကို
ပျော်ပျော်ရွှင်ရွှင်သွားကြမယ် အကြင်နာတွေကို တစ်သက်လုံးအတွက်
ဒဏ်ရာတွေကို တွေးမကြောက်နဲ့ ရင်ဆိုင်နိုင်မယ် အကုန်လုံးနဲ့ တစ်ယောက်တည်း အချစ်ရေ
ရင်မှာ ငါမင်းတစ်ယောက်တည်း ဒါကိုမပြောင်းလဲဘူး ယုံပါ
ရင်မှာ ငါမင်းတစ်ယောက်တည်း ဒါကိုအကြွင်းမဲ့မင်းယုံပါ
ရင်မှာ ငါမင်းတစ်ယောက်တည်း ငါဟာမင်းလေးတစ်ယောက်ကိုပဲ

စာသားကတော့ ဒါပဲလေ.. သီချင်းလေးက ချစ်စရာလေး.. ပြီးတော့ စိတ်ကူးယဉ်ချင်စရာ.. ကျွန်မလည်း တကယ်ချစ်ရတဲ့သူရှိလာရင် အဲဒိသီချင်းကို အဲ့လူကိုဆိုပြမိမယ် သိလား.. သီချင်းလေးကို ချစ်လွန်းလို့လေ.. နောက်ထပ်ကြိုက်တဲ့သီချင်းရှိသေးတယ်.. ဒီသီချင်းနဲ့တော့ ပြောင်းပြန်ပေါ့.. “အပြာရောင်လမ်းခွဲ” တဲ့.. အဲ့ဒိသီချင်းကိုတော့ သိပ်မဆိုချင်ပါဘူး.. ကိုအောင်ဆိုပြတာကိုပဲ ပိုနားထောင်ချင်ပါတယ်.. တစ်နေ့တော့ ထပ်ပြီးအခွင့်ကြုံသေးတာပ ကိုအောင်ရေ့..


5 comments:

ဇောင်း said...

သီချင်းရှိဘူးလား ကြော်ငြာကောင်းလို့ နားထောင်ချင်၏ :)
စာသားလည်းကောင်း၏

ZaunG

မောင်ရှင်းသန့် said...

“ငါးဆယ်ပေးပါ”စီးရီးထဲက ကိုအောင်လား... ။ အဲဒီထဲက “ကြယ်လေးများရယ်ပြောပေးပါ.. ပြန်လာခဲ့ပါ” ဆိုတဲ့သီချင်းလေးမိုက်တယ်(ခေါင်းစဉ်တော့မသိ) :P

Prizewai said...

မှန်အိမ်လေး ထဲကဆို မှန်အိမ်လေးကိုပဲအကြိုက်ဆုံး.
အင်းနော်.. ကိုအောင် အသံက ဘာမှထူးခြားမှုမရှိသယောင်နဲ့.. တမျိုးပဲ..
သူ့သီချင်းနားထောင်ရတာတော့ အေးချမ်းတယ်နော့..

littlebrook said...

ငါတော့ အဲ့သီချင်းဆိုပီး လက်တွဲလျောက်ခဲ့ဖူးပါ့
နောက်ဆုံး ယုံဘူးဆိုပြီး ထားသွားတာ
ဟားဟား .......

ဟိဏ်းဇော် said...

အဲ့ဒီ သီချင်းက ဒိုးလုံးလဲ ဆိုသေးတယ် ထင်တယ်။
နောက် ဒိုးလုံးအမှတ်တရခွေထဲမှာလဲ တယောက်ဆို
သေးသလားလို့ ???
ကိုအောင် အသံကြိုက်တာတော့ တူသဗျ ...
သူ့အခွေထဲက အပြာရောင်အခန်းတို့ ကုတ်အကျီတို့
သီချင်းတွေဆို အတော်မိုက် :)