ဒီနေ့ (22.6.2012) ရက်နေ့
မိုးလင်းကတည်းက စိတ်ကြည်လင်ပါတယ်.. ရေမိုးချိုး ခေါင်းလျှော် အလုပ်သွားဖို့ အိပ်ရာကနေ အတင်းကုန်းရုန်းထရတာလေးတစ်ခုပါပဲ.. ဟဲဟဲ.. စိတ်ကိုမကြည်ကြည်အောင် လုပ်ထားတယ်.. ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ကျွန်မနဲ့ကျွန်မချစ်သူရဲ့ (၂) နှစ်ပြည့်တဲ့ရက်လေးမို့လို့ပါပဲ..
ဘာမှတော့မထူးခြားပါဘူး... ကျွန်မတို့ ဒီနေ့တွေ့မယ်.. ခရီးတိုလေးသွားဖို့ စဉ်းစားခဲ့ပေမယ့် ပိုက်ဆံမကျန်တော့လို့ မသွားနိုင်တော့ဘူး.. ဆိုးပါတယ်.. တစ်နေ့နေ့တော့ သွားဖြစ်အောင်လုပ်ရဦးမယ်
ဒီနေ့သောကြာနေ့ဆိုတော့ ကျွန်မရုံးတက်ရတယ်.. ညနေပိုင်းမှတွေ့ရမယ့် သူ့ကို ကျွန်မသိပ်လွမ်းတာပဲ တွေ့ဖို့မနေနိုင်တော့ဘူးလို့ မနက်စောစောပြောဖြစ်ခဲ့တယ်.. သူလည်း တူတူပါပဲလို့ပြောအပြီး ကျွန်မတို့ တူတူရီမောခဲ့ကြတယ်..
စနေတနင်္ဂနွေပိတ်ရက်လေး သူ့ကြောင့် ကျွန်မပျော်ရွှင်နေပါလိမ့်မယ်

3 comments:
go.. jaung ..
ain paw ma tat lar nae
lolz
nang nyi's comt...:P
အပျော်အလွမ်းတွေနဲ့ ဘဝအမောတွေပါ့
Post a Comment