Wednesday, June 20, 2012

ရှစ်ဇမ္ဗူ ဤမြေမှ ကျွန်မချစ်သူ :)

~ ချစ်သူ ချစ်သူ အပြစ်မယူ ~

အဲဒါသီချင်းလား ဘာလား.. တကယ်တော့ ဘာမှန်းကိုမသိပါဘူး.. ပါးစပ်ထဲ ရွတ်ရွတ်မိနေတယ်..

ရွတ်မိတဲ့အခါ ကျွန်မချစ်သူအကြောင်းကိုလည်း တွေးရင်း မျက်နှာလေးက ခပ်ပြုံးပြုံးပေါ့..

သူကဘယ်လိုပဲ ရစ်တယ်ပြောပြော ဘာတွေပဲဖြစ်နေတယ်ပြောပြော ကျွန်မသူ့ကို သိပ်သိပ်သိပ်ချစ်ပါတယ်.. သူလည်း ဒီလိုပဲ ကျွန်မကို အရမ်းချစ်ပါတယ်.. အထွေအထူးလုပ်ယူနေစရာမလိုတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ယုံကြည်မှုလေးတစ်ခုပေါ့

ပျော်ရတယ်.. သူ့ကြောင့်တွေ ခဏခဏ သေမတတ်ငိုဖူးပေမယ့် ကျွန်မသူ့ကြောင့်ပဲ ပျော်ရွှင်ရပါတယ်.. အားကိုးစရာရင်ခွင်တစ်ခုဖြစ်တာမို့ ကျွန်မမှာ သူမရှိရင် မနေတတ်သလောက်ပဲ.. အဲဒိအကျင့်ဆိုးကို ကျွန်မပြင်ရဦးမယ်

ရန်ဖြစ်တဲ့အခါ ကျွန်မက သူ့ကိုဘယ်တော့မှ အလျော့မပေးဘူးလို့ အမြဲပြောတယ်.. မှန်တော့မှန်ပါတယ်.. သူလည်း တခြားနေရာမှာ အနိုင်ယူတာရှိတတ်တာပဲလေ.. နောက်ဆုံးတော့လည်း ရန်ဖြစ် ငိုယို မောသွားပြီး အိပ်ပျော်သွားတာမျိုးလည်း ရှိပါရဲ့.. နိုးလာတဲ့အချိန်ဆိုရင်တော့ ကျွန်မရွတ်နေသလို ~ချစ်သူ ချစ်သူ အပြစ်မယူ~ပေါ့ရှင်....

ဒီနေ့ ကျွန်မရဲ့ဘလော့မှာ label အသစ်ထပ်တိုးတယ်.. အဲဒါ သူ့အတွက်ပေါ့....

ကိုယ့်ဟာကိုယ် လက်ခုပ်တီး ဖဲကြိုးဖြတ်ပြီး ဖွင့်ပွဲလုပ်လိုက်တယ်.. အဟက် အဟက်


No comments: