Wednesday, November 2, 2011

နွေ

ပထမရက်..
အပြင်မှာ မိုးသည်းစပြုနေပြီ.. ကိုယ့်ခေါင်းထဲလည်း ဒီလိုပဲ.. အတွေးတွေဆွဲခေါ်ရာ အတိတ်ဟာ ကိုယ်နဲ့နီးနီးလာတယ်..

“ဟေး နေကောင်းလား” သူမက မေးတယ်
“ကိုယ်မင်းကိုချစ်တယ်” သူပြောခဲ့တယ်
“ငါလည်းမင်းကိုသဘောကျပါတယ်” သူမကပြုံးပြီးပြောတယ်.. ပြီးတော့ အတူတူပဲ သူတို့ရီခဲ့ကြတယ်

နောက်တော့ နွေဦးတစ်ခုကိုရောက်ရှိခဲ့တယ်.. ကျိန်စာသင့်ခဲ့တဲ့နွေဦးတစ်ခုပေါ့..
နွေရက်တစ်ရက်လည်း ရောက်လာတယ်.. သူစောင့်မျှော်နေတဲ့ နေ့ရက်မျိုးတော့မဟုတ်ခဲ့ဘူး..
သူမကပြောတယ် “ငါတို့ကိုယ်ဟာကိုယ်နေကြရင်ကောင်းမယ်”.. အတူတူတော့မဟုတ်ဘူး ဒါပေမယ့် သူငိုတယ်
“နောက်ပြီးတော့ရော..” သူမေးတယ်.. “ကိုယ်မင်းကိုလွမ်းနေမှာ” ဟန်ဆောင်အပြုံးတစ်ခုနဲ့..

သူမကိုစမြင်တုန်းက သူဟာ ဆံပင်တွေကို ပထမဆုံးသတိထားမိခဲ့တယ်..
အခုနောက်ဆုံးတွေ့ရတဲ့အချိန်မှာလည်း သူမရဲ့ဆံပင်တွေကို ငေးနေမိပြန်တယ်..
သူ့ဆီကနေ အဝေးကိုထွက်ပြေးနေတဲ့ ဆံပင်တွေ.......

သူဟာချစ်ခင်ယုယခံချင်ပေမယ့် သစ္စာဖောက်ခြင်းသာရခဲ့တယ်
အဖြေကိုလိုချင်ပေမယ့် မေးခွန်းတွေနဲ့သာကျန်ခဲ့တယ်
လွတ်လပ်မှုကိုရရမယ့်အစား တုပ်နှောင်မှုသာရရှိတယ်
ပျော်ရွှင်စွာနေချင်ပေမယ့် မျက်ရည်တွေသာအစားထိုးရခဲ့တယ်

လယ်ကွင်းသေးသေးလေးထဲမှာ ကောင်မလေးတစ်ယောက် ပျော်ရွှင်နေမယ့်အချိန်မှာပေါ့
Good Luck, little girl .

1 comment:

အပြုံးပန်း said...

လျှောက်ရေးခြင်းဆိုပေမယ့် ဖတ်လို့ ကောင်းတယ်။