Friday, December 18, 2009

ငါတို့ပန်းခင်း

သင်ယူစရာတွေအများကြီးဆိုတာ
သူတို့တွေပြောပြောနေကြတယ်..
ငါသိချင်တာတော့
နင်ဘယ်ရောက်နေသလဲဆိုတာပဲ
ဘာမှခံစားနေရတာမဟုတ်ပေမယ့်
အဆင်မပြေဘူး
တကယ်တမ်းတော့
ငါဟာနယ်ရုပ်မဟုတ်ဘူး
လိပ်ပြာလည်းမဟုတ်ဘူး
ဘာဆိုဘာမှမဟုတ်ဘူး

စဉ်းစားစရာတွေအများကြီးဆိုတာ
သိပေမယ့်လည်း
ငါတွေးနေတာက
တစ်ယောက်နဲ့တစ်ယောက်
ရှာတွေ့သွားပြီးရင်
ငါတို့ဘယ်ရောက်နေမလဲ
ငါကရယ်မယ်
နင်ကပြုံးမယ်
အဲဒိမှာ ပန်းတွေပွင့်လို့ပဲ

တံခါးရဲ့နောက်ကွယ်မှာ
လိပ်ပြာရောင်စုံနဲ့
ငါတို့ရဲ့ပန်းခင်း.....။

5 comments:

မင်းယွန်းသစ် said...

ပန်းခင်းထဲက ရောင်စုံ လိပ်ပြာတွေနဲ့ ရောင်စုံ ပန်းပွင့်လေးတွေနဲ့.. လှပနေတဲ့ ရပ်ဝန်းလေးမှာ ပျော်ရွှင်ပါစေ..။ :)

Anonymous said...

ပန်းခင်းလေး အမြဲတမ်းတည်တံ့နေပါစေ။

littlebrook said...

ဟ .. ရေးပုံလေးက ချစ်စရာ

ဇောင်း said...

ရိုးရိုးလေးနဲ့ကောင်း၏
လိပ်ပြာလှလှ ပုကွကွလေး :P

နန်းညီ said...

thumb up !!