Monday, December 7, 2009

ဂျုံမုန့်

ပုံကိုကြည့်ကြပါလော့.. မည်သည့်အစားအစာဟု သင်ထင်ပါသနည်း.. အဖြေကိုချရေးပါ...။ (ဒန် ဒန့် ဒန်)

ကဲ ကဲ.. ချမရေးလည်း ပြောပြမှာပါပဲ.. အဲဒါ “ဂျုံမုန့်” လို့ခေါ်တယ်.. အိဖူးကိုယ်တိုင်လုပ်ထားတာ သိလား.. ညီမဝမ်းကွဲတစ်ယောက်ရဲ့ အိမ်ကိုသွားတုန်းက ညီအစ်မနှစ်ယောက်လုပ်စားကြတာလေ.. ကင်မရာ အလွယ်တကူမရှိတော့ ဖုန်းကကင်မရာနဲ့ ရိုက်ထားရတာဆိုတော့ အရောင်အသွေးသိပ်မစိုပြေဘူး.. ကြက်ဥကြော်ကြီးနဲ့ တူနေမယ်ထင်တယ်.. ဒါပေမယ့်မဟုတ်ဘူး သိလား.. အဲဒါ “ဂျုံမုန့်” ...

လုပ်ရတာလွယ်တယ်.. အရင်ဆုံး ကြက်ဥကိုခေါက်တယ်.. ဂျုံမှုန့်ကို ရေအနေတော်ထည့်ပြီးတော့ နယ်တယ်လေ.. ဂျုံမှုန့်တွေ ကျေသွားပြီဆိုတော့မှ ကြက်ဥခေါက်ထားတာကိုထည့် သကြားလေး ဆားလေး ထည့်ပြီး ထပ်နယ်ပေါ့.. ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြော်ရုံပဲ.. မွှေးမွှေးလေးဖြစ်ချင်ရင် ထောပတ်ဆီနဲ့ ကြော်ပေါ့နော်.. အိဖူးတို့ဆို အနားသားလေးတွေ ကြွပ်ကြွပ်လေးစားချင်တော့ ထောပတ်ကို ဘေးပတ်လည်လေး တွေမှာ လိုက်ထည့်ပေးလိုက်တယ်.. အဲ့ကျတော့ မွှေးလည်းမွှေး ဘေးအသားလေးတွေ ကြွပ်ကြွပ်လေးတွေပေါ့..

အချိုကြိုက်တဲ့လူတွေကတော့ ဂျုံတွေနယ်တုန်း သကြားများများထည့်ပေါ့.. မကြိုက်ရင် မထည့်နဲ့ပေါ့.. မီးနည်းနည်းနဲ့ကြော်ရင် ပိုကောင်းတယ် သိလား.. မီးနည်းတော့ ချက်ချင်းကြီးတူးမသွားဘူးပေါ့.. ဟင်းချက်ရာမှာ မီးကအသက်ပဲလို့ပြောကြတယ်လေ.. သိတယ်မလား.. မီးကို အလျှော့အတင်းလုပ်နိုင်မှ တော်ကာကျမယ် လို့လည်းပြောကြတယ်.. အဲဒါပေါ့..။

နောက်ထပ်လည်း ခရီးသွားတုန်းကစားခဲ့တဲ့ မုန့်ပုံတွေ တင်ပေးမယ် သိလား...။

4 comments:

ကျော်ညိုသွေး said...

အိမ်မှာလည်း အမေကြော်ကျွေးဖူးတယ်။ ကြက်ဥနဲ့ဂျုံနဲ့ရောကြော်တာ။

ဆောင်း said...

အောင်ဗလမုန့် လို့ သိထားဖူးတယ်။ လမ်းက ပွဲဈေးတွေမှာ ရောင်းတယ် အခုတော့ ပွဲဈေးတွေမှာ မတွေ့ သလိုဘဲ

littlebrook said...

မုန့်ဆီကြော် ... :P

ကြည်ဖြူပိုင် said...

ဂျုံနဲ့လုပ်တဲ့မုန့်အကြောင်းလိုက်ရှာရင်းရောက်လာတာ
စားချင်စရာ...
လုပ်စားအုန်းမှာ...
ကျေးဇူးးဗျာ
:D