Friday, November 13, 2009

?????????? ??

ပို့စ်မရေးတာကြာလို့ထင်တယ် .. ဘာမှလည်း ခေါင်းထဲကမထွက်လာဘူးတော့ .. အခုဆို အိမ်ထဲမှာပဲ ပိတ်မိနေတာအတော်ကြာ .. အတော်ကြာဆိုတာ တောင်ကြီးကပြန်ရောက်ပြီးကတည်းကပေါ့လေ .. အေးအေးဆေးဆေးလေး အိမ်ထဲမှာနေရင်း .. အဖော်ကောင်းရင် ရေသွားကူးလိုက် မုန့်စားလိုက်နဲ့ .. ပိုက်ဆံရှိရင် အင်တာနက်ဆိုင်လေးသွားလိုက် ဓါတ်ပုံတွေတင်လိုက်

တကယ်တမ်းစိတ်ထဲမှာ သွားချင်နေတာက ဘုရားကို .. ဘာလို့လဲတော့မသိဘူး .. ဘုရားကို မနက်စောစောလေး သွားပြီး ဆောင်းတန်းလေးတစ်ခုမှာ အေးအေးလူလူထိုင်ပြီး လူတွေကိုကြည့်ချင်တဲ့ဆန္ဒက အပြင်းအထန်ပဲ .. သွားဦးမှပါ .. အောင်စာရင်းလည်း ထွက်တော့မယ် .. ကောင်းကောင်းမွန်မွန်မဖြေခဲ့တဲ့ရလဒ်က ဘယ်လိုဖြစ်လာ ဦးမလဲ .. အော် စိတ်ဆင်းရဲလိုက်တာ ..

လွမ်းနေမိတဲ့လူတွေကလည်း အားကြီးအများကြီး .. ကျောင်းလည်းတက်ချင်တယ် .. ထမီမဝတ်ရတာကြာလို့လေ .. ထမီလေးနဲ့ရင်ဖုံးလေးနဲ့ လွယ်အိတ်လေးလွယ် ခြင်းတောင်းလေးဆွဲ သူငယ်ချင်းမလေးနဲ့တူတူ ထီးလေး ဆောင်းပြီး ဟိုပြောဒီပြောနဲ့ ကျောင်းလမ်းမှာလျှောက်ရတဲ့အရသာကို ပြန်လိုချင်နေမိတယ် .. သူငယ်ချင်းတွေကိုလည်း တွေ့တော့တွေ့ချင်သား .. ဒါမယ့် မတွေ့ရလည်း ဘာမှမဖြစ်ပါဘူး .. လွမ်းတဲ့ထဲ ဒင်းတို့မပါဘူး ..

တကယ်လွမ်းနေမိတာက တောင်ကြီးကဘော်ဒါတွေရယ် .. နေ့လည်ခင်းပျင်းတဲ့ချိန်တွေဆို တအားသတိရတာပဲ ရော .. ဒီလိုပါပဲ .. နောက်ကိုယ့်ဟာကိုယ် ရှုပ်ယှက်ခပ်နေရင်လည်း အေးဆေးပြန်ဖြစ်သွားဦးမယ် .. ဒါပေမယ့် သူတို့တွေရန်ကုန်ဆင်းလာရင် ကောင်းမယ်လို့တွေးနေမိတယ် ..

ပျင်းရိတဲ့ရောဂါကို ဘယ်လိုကုရမလဲမသိဘူး .............

ဘာကိုမှမကျေနပ်နိုင်ပဲ အီလည်လည်ဖြစ်နေတာကို ဘယ်လိုလုပ်ရမလဲမသိဘူး ................

ဘယ်ဟာကို ဘယ်လိုလုပ်လိုက်ရင် အကောင်းဆုံးလဲမသိဘူး ...???????


5 comments:

littlebrook said...

စာအုပ်တွေဖတ် ..... ပို့စ်တွေရေး

အရုပ်ကလေး said...

မှုခင်းဂျာနယ်ထည့်ဖို့ ဖြစ်ရပ်မှန် လာဖတ်သွားတယ် ..။

တဆိတ်ရှိ တောင်ကြီးကို သတိရတယ်တဲ့ ..
ဖြစ်တတ်ပါတယ် .. ပြန်ရောက်ခါစ ဆိုတော့ ...

စာများများဖတ်ပါ ..... စိတ်အားသန်ရာ အိမ်လေးတွေ လိုက်လည်ရင်း စာဖတ်ပေါ့ .. အိမ်မှာနေ .. အခွေကြည့် .. ဟိဟိ .. အား ... ချပြီ ချပြီ .. ဟာ ရိုက်ကုန်ပြီဟ ...လုပ်မနေနဲ့ဦး ..။

အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ
idulize(အရုပ်ကလေး)

aungnyinyi said...

ဒန်ပေါက်နဲ့ ချောကလက်ကိုရောစားကြည့်ုလိုက်ပါလား?
ပေါညီ

အိဖူး said...

ပေါညီ >>> ဒန်ပေါက်နဲ့ချော့ကလက်တဲ့ .. ဘယ့်နှယ့် အတွဲကြီးလဲ .. ပြယ်စိမ့်ကြီးပေါ့

ကိုအရုပ် >>> သူကအမြဲအဲ့ချိန်တွေ ဖုန်းဆက်ပြီး .. ဟွန့်

ဘရွတ် >>> စာအုပ်တွေဖတ်လွန်းလို့ ဝေနေပြီ

NangNyi said...

ဟိုလိုလုပ်ပါလား.. . ဟ
ဒီလိုလုပ်ပါလား.. အဟ..
ငါ့ကိုမုန့်ဝယ်ကျွေး.. ဟေးဟေး