Wednesday, November 26, 2008

Your gurdian angle

အိဖူးတို့ကတော့လုပ်ပြီ ..
ပို့စ်ကဖြင့်မရေးရသေးဘူး ..
စီဘောက်မှာ ဘယ်သူမှလာမရေးတာကိုတွေးနေတယ် ..
ဟဲဟဲ ကြောင်တယ်နော် ..
ကြိုလည်းမစဉ်းစားထားတော့ ဘာရေးရမလဲလည်းမသိ ..
သီချင်းတစ်ပုဒ်အကြောင်းကိုပဲရေးတော့မယ်နော် ..
The red jumpsuit apparatus ရဲ့ Your gurdian angle ဆိုတဲ့သီချင်းနားထောင်ဖူးကြလား ..
လောလောဆယ်တော့ အိဖူးရဲ့အကြိုက်ဆုံးသီချင်းပေါ့ ..
သီချင်းလေးက .. ကောင်းပါတယ် ..
ခေါင်းစဉ်လေးကိုကြည့်ရင် ဘယ်လိုသီချင်းမျိုးဆိုတာသိကြမှာပေါ့ ..
ဘာပဲဖြစ်ဖြစ် အားပေးနေမယ်
အနားကသာထွက်မသွားပါနဲ့ဆိုတာမျိုးလေးပေါ့ ..
I will never let you fall, I'll stand up with ya forever
Even if saving you send me to heaven, it's ok. တဲ့ ..
အစ်ကိုတွေ အစ်မတွေကော အဲလိုချစ်ရတဲ့သူမျိုးရှိလား
ဘာပဲဖြစ်ဖြစ်ဆိုတဲ့ ချစ်သူမျိုးတွေလေ ..
အိဖူးကတော့ သီချင်းသာကြိုက်တာ အဲလောက်ချစ်ရတဲ့သူလည်းမရှိတော့
နားထောင်ရတာ တစ်မျိုးလေးပဲ ..
ကိုယ်ကဆိုပြရတာမျိုးလည်း မလိုချင်ဘူး ..
ကိုယ့်ကိုလာဆိုပြတာကိုတော့ လိုချင်သား ..
အချစ်ပဲခံချင်တယ်ပေါ့နော် .. (နရင်းအုပ်ချင်စရာပဲ)
အားရင်တော့ နားထောင်ကြည့်ကြပေါ့ ..
သူတို့အဖွဲ့ရဲ့ Cat and Mouse ဆိုတဲ့သီချင်းလည်းကောင်းပါတယ်
အယ်လ်ဘမ်နာမည်က Don't you fake it တဲ့ ..
သိကြမှာပါ ..
ကဲ ကဲ .. စဉ်းတော့စဉ်းစားနေတာပဲ
ဘာဆက်ရေးရမှန်းသိတော့ဘူးလေ ..
ပထမဆုံးအတွေ့အကြုံမရှိသေးတဲ့ပို့စ်ဆိုတော့
အားလုံးအားလုံးကို ခွင့်လွှတ်ကြပါရန်
အနူးအညွတ်တောင်းပန်တယ်နော့ ..

2 comments:

ဗီလိန် said...

အမယ် အတွေ့အကြုံမရှိပေလို့ပဲနော်။ ရှိများသာရှိလို့ကတော့ လိုက်လို့တောင်မီမှာမဟုတ်ဘူး။

:P said...

ဗီလိန်ကတဆင့်ရောက်လာတယ်။ ရေးသာရေးပါ။ မဖတ်မှာ မပူပါနဲ့.... သီချင်းလာဆိုပြတဲ့လူရှိရင်လက်တို့လိုက်ဦးးးး