အသွားတစ်လမ်းလုံး ကားပေါ်မှာ တစ်ရေးမှအိပ်လို့မရခဲ့ဘူး .. မျက်လုံးကြောင်နေတာပဲလား .. အပျော်လွန်ပြီး အိပ်မရတာပဲလားတော့မသိဘူး .. တောင်တက်တောင်ဆင်း ကွေ့ကွေ့ကောက်ကောက်လမ်းကြောင်းပေါ်က ကားတစ်စီးထဲမှာ အိဖူးကြည့်လိုက်တော့ (အိဖူးကလွဲလို့) အားလုံးကအိပ်လို့ .. အဲဒါနဲ့ပဲ ဘေးကတောင်စောင်းကြီး တွေကိုပဲ လိုက်ကြည့်နေမိတယ် .. ကြည့်နေရင်းနဲ့ ကိုယ့်ဟာကိုယ်တွေးပြီး ကြောက်စရာမရှိ ကြံဖန်ကြောက် နေမိသေး .. ကြည့်နေရင်းနဲ့ တောင်စောင်းထိပ်ကနေ လူတစ်ယောက်ပြုတ်ကျလာတာတို့ ခုန်ချလိုက်တာ ကိုမြင်လိုက်တာတို့ဆို ဘယ်လိုနေမလဲမသိဆိုပြီးတော့လေ ...။ (အဲဒါပြောတာ အတွေးခေါင်ပါတယ်ဆို) .. ခဏနေတော့ မိလှိုင်နိုးလာတယ် .. ရှေ့နဲ့နောက်စကားများနေကြတော့ မြတ်နိုးပါနိုးလာရော .. ခုနက အိဖူး တွေးကြောက်တဲ့အကြောင်း သူတို့ကိုပြောပြတော့ ဝိုင်းပြီးချီးမွမ်းကြတယ်လေ .. “ငပေါ” တဲ့ ..။တောင်ကြီးနေရမယ့်အိမ်ကို ရောက်ရောက်ချင်းစဉ်းစားမိတာက အိပ်ရင်ကောင်းမလား ရေအရင်ချိုးရင် ကောင်းမလားဆိုတာပဲ .. နောက်တော့ ဘယ်ဟာမှအရင်မလုပ်ဖြစ်ဘူး .. အိမ်ရှိလူကုန်လိုက်နှုတ်ဆက်ပြီးတော့ သဲသဲရဲ့မီးပုံးအတွက်ကော်သုတ်ပေးဖြစ်တယ် .. (ရောက်တာနဲ့ခိုင်းတာပဲ) .. ပြီးတော့ ရှားတို့ရဲ့ညမီးကျီ သွားကြည့်ဖို့ ဘုန်းကြီးကျောင်းရောက်သွားတယ်လေ .. သူတို့မီးပုံးပျံအတွက်လည်း ကော်သုတ် .. လိုချင်တာ လေးတွေ ဓါတ်ပုံရိုက်နဲ့ .. အိမ်ပြန်ရောက်တော့ ခဏပဲအိပ်ဖြစ်တယ် .. ။
တောင်ကြီးမှာ ရေချိုးရတဲ့အရသာကလည်း တစ်မျိုး .. ရေအေးအေးလေးနဲ့ ကိုယ်ပေါ်ကျနေတဲ့ နေရောင်လေးနဲ့ .. နွေးလိုက် အေးလိုက်ပဲ .. ခေါင်းကတော့ ခဏခဏလျှော်ရသလားမမေးနဲ့ .. ဆိုင်ကယ်စီးတော့ လေတိုးတဲ့ ဒဏ်ရော ညဖက်နှင်းရိုက်တဲ့ဒဏ်ရောခံရတာပေါ့ .. ခေါင်းတစ်ခါတစ်ခါဖီးရင် ဆံပင်က နှစ်ပိဿာလောက် ကျွတ်တော်မူတယ် ..
ဘော်ဒါတွေနဲ့ အသားကျပြီးသွားတဲ့နောက်တော့ နေ့လည်နေ့ခင်းတွေ သိပ်မပျင်းရတော့ဘူး .. နှစ်ယောက်တည်းဖြစ်မနေတော့ဘူးပေါ့ .. အနည်းဆုံးတော့ ဘာကိုစိတ်ညစ်နေလဲ ဘာကိုကြောက်နေလဲ ပြောပြစရာလူတွေရှိသေးတာပေါ့ .. မဟုတ်ရင် နေ့လည်ခင်းတွေဆို ဘာလုပ်လို့လုပ်ရမှန်းကိုမသိဘူး ..
လည်ပတ်ပျော်ရွှင်ရင်းနဲ့ ပြန်ရမယ့်မနက်ရောက်လာပြီပေါ့ .. ပြန်မယ့်မနက်ကျမှ ဈေးကို ကမန်းကတန်းသွားပြီး ဟိုဟာတွေဝယ် ဒီဟာတွေဝယ်နဲ့ ဝုန်းဒိုင်းဝုန်းဒိုင်းပေါ့ .. ဝယ်ခြမ်းပြီး အထုပ်တွေသိမ်းကြ .. တစ်အိမ်လုံးပတ်ပြီး ဓါတ်ပုံရိုက်ကြနဲ့ .. နေ့လည်စာတောင် မစားအားဘူး ..။
ကားဂိတ်ရောက်သွားတော့ အတန်တန်မှာလို့မဆုံးဘူး .. “အွန်လိုင်းလာနော်” “ရန်ကုန်လာရင် ဖုန်းဆက်မယ်နော်” “နင်တို့လည်း နောက်နှစ်တောင်ကြီးထပ်လာနော်” နဲ့ .. အဲ့အထိ ဘယ်လိုမှမခံစားရသေးဘူးလေ .. ကားပေါ်တက်ထိုင်ပြီးတော့ သူတို့အားလုံးက ကားဘေးကနေ လာနှုတ်ဆက်ကြပြန်တယ် .. “တာ့တာ”ပေါ့ ပြီးတော့ ကနေကြတယ်လေ .. အဲ့မြင်ကွင်းကိုကြည့်ရင်း ဘယ်လိုမှမခံနိုင်တော့ဘူး .. ငိုမိပါလေရော .. ရန်ကုန်က သူငယ်ချင်းတွေထက်တောင်ကောင်းတဲ့ ဒီဘော်ဒါတွေနဲ့ ခွဲရပြီဆိုပြီးတော့ပေါ့ .. မြတ်နိုးလည်း အိဖူးကိုကြောင်တောင်တောင်နဲ့ ကြည့်နေပြီးမှ သူပါမျက်ရည်ကျတယ် .. အော် အငိုဆိုတာလည်း ကူးစက်တတ်တာပဲကိုး .. ။
အဲလိုနဲ့ ရန်ကုန်ကို မျက်ရည်လည်ရွှဲနဲ့ ပြန်ရောက်လာတယ်ပဲပြောရမှာပေါ့ .. ပြန်ရောက်တဲ့ တစ်ရက်နှစ်ရက်တုန်းကဆို ဘယ်လိုမှန်းလည်းမသိဘူး .. တောင်ကြီးမှာ နေ့လည်ခင်းတွေကအစ ဘော်ဒါတွေနဲ့ ဖလန်းဖလန်း လျှောက်သွားနေခဲ့တာ .. အိမ်ပြန်ရောက်တော့ အိမ်စောင့်ကြီးဖြစ်ပြီး တစ်နေ့လုံးမှ ကိုယ်တစ်ယောက်တည်းရယ် .. မနေတတ်မထိုင်တတ်နဲ့ပေါ့ .. လွမ်းလိုက်ရတာ ပြောမနေပါနဲ့တော့ .. ။
((ဖတ်ရတာတော့ သိပ်ပျော်စရာကောင်းနေမလားပဲနော် .. တကယ်တမ်းကတော့ အဲ့လောက် ပျော်စရာမကောင်းခဲ့ပါဘူး .. စိတ်ညစ်စရာတွေ တပုံတပင်နဲ့ .. ဘော်ဒါတွေနဲ့နေနေရတဲ့အချိန်ကလွဲရင် တခြားအချိန်တွေကို ပြန်တောင်မစဉ်းစားချင်ဘူး .. ဒီပို့စ်ရေးတာတောင် တော်တော်ရေးယူရတယ် .. ပြန်ရောက်ပြီး အတော်ကြာမှ တက်လာတာသာကြည့်တော့ .. သေချာတာကတော့ အလွမ်းတွေ အပျော်တွေ မျက်ရည်တွေ အချစ်တွေဟာ တောင်ကြီးမြို့လမ်းမတွေမှာ ပြန့်ကျဲကျန်ရစ်ခဲ့တာပဲလေ .. အဲ့လောက်ကို ခံစားချက်စုံလင်ခဲ့တဲ့ တောင်ကြီးခရီးပါ ...။ ))
ပြီးတော့ အားလုံးရဲ့သဘောတူညီချက်အရ တောင်ပေါ်ကဝိုင်ခြံလေးကို ရောက်သွားကြတယ် .. တဲလေးထဲမှာ အားလုံးစုစုဝေးဝေးထိုင်လို့ .. အမြည်းလေးကလည်းကောင်း .. စွမ်ထန်ဟင်းရည်လေးကလည်းချဉ်ချဉ် .. ဝိုင်လေး ကလည်း ရှလွတ်နဲ့ .. အားလုံးငြိမ့်နေကြတာပေါ့ ..
ပြီးတော့ မြစိမ်းတောင်ဘုရားကိုသွားတယ် .. ဘုရားပေါ်ကနေ မြို့ကိုကြည့်ဖြစ်တယ် .. ပထမဆုံးအပေါ်စီးကနေ ခေါင်မိုးနီနီမြို့လေးကိုမြင်ရတဲ့မြင်ကွင်းပေါ့ .. တအားစွဲသွားတာပဲ ..တောင်ကြီးမှာ ရေချိုးရတဲ့အရသာကလည်း တစ်မျိုး .. ရေအေးအေးလေးနဲ့ ကိုယ်ပေါ်ကျနေတဲ့ နေရောင်လေးနဲ့ .. နွေးလိုက် အေးလိုက်ပဲ .. ခေါင်းကတော့ ခဏခဏလျှော်ရသလားမမေးနဲ့ .. ဆိုင်ကယ်စီးတော့ လေတိုးတဲ့ ဒဏ်ရော ညဖက်နှင်းရိုက်တဲ့ဒဏ်ရောခံရတာပေါ့ .. ခေါင်းတစ်ခါတစ်ခါဖီးရင် ဆံပင်က နှစ်ပိဿာလောက် ကျွတ်တော်မူတယ် ..
ဘော်ဒါတွေနဲ့ အသားကျပြီးသွားတဲ့နောက်တော့ နေ့လည်နေ့ခင်းတွေ သိပ်မပျင်းရတော့ဘူး .. နှစ်ယောက်တည်းဖြစ်မနေတော့ဘူးပေါ့ .. အနည်းဆုံးတော့ ဘာကိုစိတ်ညစ်နေလဲ ဘာကိုကြောက်နေလဲ ပြောပြစရာလူတွေရှိသေးတာပေါ့ .. မဟုတ်ရင် နေ့လည်ခင်းတွေဆို ဘာလုပ်လို့လုပ်ရမှန်းကိုမသိဘူး ..
တောင်ကြီးသားတွေ ဧည့်ဝတ်ကျေပုံများ ဘာမှလုပ်စရာမရှိဘဲ ထိုင်မနေလိုက်နဲ့ .. ထိုင်တာနဲ့ ဘာလုပ်မလဲ ဘယ်သွားမလဲ ဘာစားမလဲ .. “ဟိုသွားရင်ကောင်းမလားမသိဘူး” ဆိုတာနဲ့ ဘယ်ချိန်သွားမလဲ လာခေါ်ပေးမယ်ဆိုတာက “ကောင်းမွန်” .. ညဖက် မီးပုံးပျံကွင်းထဲရောက်ရင်လည်း စကားများကြ စားကြ သောက်ကြ .. စုရပ်နေရာမှာ ထိုင်နေရတာပျင်းတော့ ပွဲဈေးတန်းဖက်သွားလိုက် ဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်လုပ်နေတဲ့ အိဖူးနဲ့မြတ်နိုးတို့နောက် မငြီးမငြူလိုက်ပေးတာ “သားကြီးရယ် သီဟရယ် ဇေယျာစုရယ်” .. ရန်ကုန်ကနေ တောင်ကြီးပြန်လာဖို့ ဖင်တကြွကြွဖြစ်နေပြီး “ငါပြန်ရောက်ရင် နင့်ကို ငါးကန်လိုက်ပို့မယ်” “ငါရောက်ရင် နင့်ကိုဝယ်ကျွေးမယ် စားချင်တာ စာရင်းပြုစုထား” ဆိုတဲ့ အိဖူးရဲ့ချစ်ဘော်ဒါကြီး “ဂွမ်းစိန်” .. ကွင်းတစ်ပတ်ပတ်ဖို့ အမြဲခေါ်နေတတ်တဲ့ “ဇင်လင်းနဲ့ဖိုးချို” .. မနက်ဖန်စာမေးပွဲရှိတယ် ဒီနေ့စောစောပြန်မယ် အမြဲပြောတတ်တဲ့ “ကိုဖြိုး” .. အိုး အားလုံးက သိပ်ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေပါ ..။
((သူငယ်ချင်းတွေ အစ်ကိုတွေ))
ညဖက်တွေလည်း ပျော်ပျော်ပါးပါး .. တစ်ညကဆို ပွဲပြီးသွားတော့ အိမ်တန်းမပြန်ကြဘူး .. အောက်ပန်းခြံနား သွားထိုင်ပြီး သီချင်းတွေ အော်ဆိုနေကြသေးတယ် .. အဲ့ညက အဲလေ အဲ့မနက်ပေါ့ အဲ့မနက်က အိမ်ကိုလေးနာရီမှ ပြန်ရောက်လာတယ်လေ .. ပျော်စရာကြီးပဲ .. သဲသဲရဲ့နေ့လွှတ်မီးပျံးလွှတ်တဲ့နေ့က စူဠာမုနိဘုရား သွားကြတယ် .. အဲ့နေ့က ဘုရားမှာဆုတောင်းဖြစ်တယ် .. “သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပတ်သက်လာရင် ဒီလိုပဲပျော်ရွှင်ရပါစေလို၏” လို့ပေါ့ .. ။
လည်ပတ်ပျော်ရွှင်ရင်းနဲ့ ပြန်ရမယ့်မနက်ရောက်လာပြီပေါ့ .. ပြန်မယ့်မနက်ကျမှ ဈေးကို ကမန်းကတန်းသွားပြီး ဟိုဟာတွေဝယ် ဒီဟာတွေဝယ်နဲ့ ဝုန်းဒိုင်းဝုန်းဒိုင်းပေါ့ .. ဝယ်ခြမ်းပြီး အထုပ်တွေသိမ်းကြ .. တစ်အိမ်လုံးပတ်ပြီး ဓါတ်ပုံရိုက်ကြနဲ့ .. နေ့လည်စာတောင် မစားအားဘူး ..။
ကားဂိတ်ရောက်သွားတော့ အတန်တန်မှာလို့မဆုံးဘူး .. “အွန်လိုင်းလာနော်” “ရန်ကုန်လာရင် ဖုန်းဆက်မယ်နော်” “နင်တို့လည်း နောက်နှစ်တောင်ကြီးထပ်လာနော်” နဲ့ .. အဲ့အထိ ဘယ်လိုမှမခံစားရသေးဘူးလေ .. ကားပေါ်တက်ထိုင်ပြီးတော့ သူတို့အားလုံးက ကားဘေးကနေ လာနှုတ်ဆက်ကြပြန်တယ် .. “တာ့တာ”ပေါ့ ပြီးတော့ ကနေကြတယ်လေ .. အဲ့မြင်ကွင်းကိုကြည့်ရင်း ဘယ်လိုမှမခံနိုင်တော့ဘူး .. ငိုမိပါလေရော .. ရန်ကုန်က သူငယ်ချင်းတွေထက်တောင်ကောင်းတဲ့ ဒီဘော်ဒါတွေနဲ့ ခွဲရပြီဆိုပြီးတော့ပေါ့ .. မြတ်နိုးလည်း အိဖူးကိုကြောင်တောင်တောင်နဲ့ ကြည့်နေပြီးမှ သူပါမျက်ရည်ကျတယ် .. အော် အငိုဆိုတာလည်း ကူးစက်တတ်တာပဲကိုး .. ။
အဲလိုနဲ့ ရန်ကုန်ကို မျက်ရည်လည်ရွှဲနဲ့ ပြန်ရောက်လာတယ်ပဲပြောရမှာပေါ့ .. ပြန်ရောက်တဲ့ တစ်ရက်နှစ်ရက်တုန်းကဆို ဘယ်လိုမှန်းလည်းမသိဘူး .. တောင်ကြီးမှာ နေ့လည်ခင်းတွေကအစ ဘော်ဒါတွေနဲ့ ဖလန်းဖလန်း လျှောက်သွားနေခဲ့တာ .. အိမ်ပြန်ရောက်တော့ အိမ်စောင့်ကြီးဖြစ်ပြီး တစ်နေ့လုံးမှ ကိုယ်တစ်ယောက်တည်းရယ် .. မနေတတ်မထိုင်တတ်နဲ့ပေါ့ .. လွမ်းလိုက်ရတာ ပြောမနေပါနဲ့တော့ .. ။
((ဖတ်ရတာတော့ သိပ်ပျော်စရာကောင်းနေမလားပဲနော် .. တကယ်တမ်းကတော့ အဲ့လောက် ပျော်စရာမကောင်းခဲ့ပါဘူး .. စိတ်ညစ်စရာတွေ တပုံတပင်နဲ့ .. ဘော်ဒါတွေနဲ့နေနေရတဲ့အချိန်ကလွဲရင် တခြားအချိန်တွေကို ပြန်တောင်မစဉ်းစားချင်ဘူး .. ဒီပို့စ်ရေးတာတောင် တော်တော်ရေးယူရတယ် .. ပြန်ရောက်ပြီး အတော်ကြာမှ တက်လာတာသာကြည့်တော့ .. သေချာတာကတော့ အလွမ်းတွေ အပျော်တွေ မျက်ရည်တွေ အချစ်တွေဟာ တောင်ကြီးမြို့လမ်းမတွေမှာ ပြန့်ကျဲကျန်ရစ်ခဲ့တာပဲလေ .. အဲ့လောက်ကို ခံစားချက်စုံလင်ခဲ့တဲ့ တောင်ကြီးခရီးပါ ...။ ))
1 comment:
ငါတောင်ကြီး ပြန်ရောက်တာနောက်ကျတာ နာတယ်ဟာ မဆိုးပါဘူး တောင်ကြီးက သူငယ်ချင်းတွေက ခင်ဖို့ကောင်းပြီး ခိုင်းလို့လဲကောင်းလို့(ဖွန်ကြောင်ချင်တာက ခက်များများရယ်)
Post a Comment